First four cases of Omicron in Myanmar

29 December 2021
News release
Yangon, Myanmar

Global genomic surveillance for SARS-CoV-2 is a critical public health function, with the primary objective to inform national and global decisions around public health and social measures (PHSMs), diagnostics, therapeutics, and vaccination. WHO has been consistently encouraging the countries to enhance surveillance and sequencing efforts to better understand circulating SARS-CoV-2 variants.

In Myanmar, with the support of WHO and regional reference laboratories, the Ministry of Health is continuously monitoring the SARS-CoV-2 variants. In December, 30 SARS - CoV-2 samples from Myanmar was sent to National Institute of Health, Thailand for genomic sequencing. According to the results from NIH, Thailand on 28 December 2022, out of 30 samples, 4 samples are reported as Omicron variants and 26 samples as delta variants.

With the emergence of the Omicron variant, the use of well-fitting masks, physical distancing, ventilation of indoor spaces, hand hygiene, crowd avoidance–especially during holiday periods–and vaccination remain key to reducing transmission of SARS-CoV-2.

Find out latest information on Omicron at WHO | World Health Organization

Photo credit: The Global New Light of Myanmar newspaper

 

(in Myanmar language)


Omicron ဗီဇမျိုးကွဲ COVID19 ရောဂါပိုးဖြစ်ပွားမှု ပထမဆုံး ၄ ယောက် မြန်မာနိုင်ငံတွင် တွေ့ရှိခြင်း


SARS-CoV-2 အတွက် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်:သည် အရေးကြီးသော ပြည်သူ့ကျန်းမာရေးလုပ်ငန်းဆောင်တာဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံတစ်ခုချင်းစီသော်လည်းကောင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်သော်လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းများ (PHSMs)၊ ရောဂါရှာဖွေရေး၊ ကုသရေးနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာလုပ်ကိုင်ပေးနိုင်ရန် အထောက်အကူပြုပါသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေဖြင့်လည်း ပျံ့နှံ့လျက်ရှိသော SARS-CoV-2 ဗီဇမျိုးကွဲများကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ကြရန် နိုင်ငံများအား အစဉ်တစိုက် အားပေးနေပါသည်။

မြန်မာနိုင်ငံတွင် WHO နှင့် ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုရည်ညွှန်းဓာတ်ခွဲခန်းများ၏ ပံ့ပိုးမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် SARS-CoV-2 ဗီဇမျိုးကွဲများကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပါသည်။ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသော ဓာတ်ခွဲနမူနာ (၃၀) ကို ထိုင်းနိုင်ငံ၊ National Institute of Health (NIH) သို့ ပို့ပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇအား စစ်ဆေးစေခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ထိုင်းနိုင်ငံ၊ NIH မှ ရလဒ်များအရ ဓာတ်ခွဲနမူနာ ၃၀ တွင် နမူနာ ၄ ခုကို Omicron မျိုးကွဲများ နှင့် နမူနာ ၂၆ ခုကို delta မျိုးကွဲများအဖြစ် ‌တွေ့ရှိကြောင်းအစီရင်ခံထားသည်။

Omicron ဗီဇမျိုးကွဲ ပေါ်ပေါက်လာသည်နှင့်အမျှ၊ အံဝင်ခွင်ကျဖြစ်သော ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အိမ်တွင်းနေရာများ လေဝင်လေထွက်ကောင်းစေရန် ဆောင်ရွက်ခြင်း၊ လက်သန့်ရှင်းရေးအား အလေးပေးခြင်း၊ (အထူးသဖြင့် အားလပ်ရက်ကာလအတွင်း) လူစုလူဝေးများကို ရှောင်ရှားခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့အား SARS-CoV-2 ကူးစက်မှုကို လျှော့ချရန်အတွက် အဓိကထားပြီး ဆက်လက်လုပ်ဆောင်သွားကြရမည်ဖြစ်သည်။

Omicron ဗီဇမျိုးကွဲနှင့်ပတ်သက်၍ နောက်ဆုံးထွက်အချက်အလက်များကို သိရှိလိုပါက  WHO | World Health Organization တွင် ကြည့်ရှုနိုင်ပါသည်။